အဘယ်ကြောင့် ကလေးငယ်လေးများအား ကက်သလစ်အသင်း တော်သည် ဆေးကြောခြင်းပေးရပါသနည်း။

အဘယ်ကြောင့် ကလေးငယ်လေးများအား ကက်သလစ်အသင်း တော်သည် ဆေးကြောခြင်းပေးရပါသနည်း။

အသင်းတော်ရဲ့ ရှေးဦးအစောပိုင်းကာလ ရာစုနှစ်များကို မှတ်တမ်းတင်ထားတဲ့ တမန်တော် ၀တ္ထုထဲမှာ တစ်အိမ်သားလုံး ဆေးကြောခြင်းခံယူကြကြောင်း (တမန်-၁၈း၈) ဖော်ပြချက်ကို ထောက်ရင် တမန်တော်များလက်ထက်ကပင်လျှင် ကလေးသူငယ်များကိုပါ ဆေးကြောခြင်း ပေးတယ်လို့ဆိုနိုင်ပါတယ်။ ရှေးဦးကာလ အသင်းတော်မှာ ဆေးကြောခြင်းခံယူသူတွေဟာ အရွယ်ရောက် ယုံကြည်သူများဖြစ်ပါတယ်။ ပထမဦးဆုံး ခရစ်ယာန်အများစုကတော့ ကြီးမှ၊ အရွယ်ရောက်ပြီးမှ ယုံကြည်ခြင်းရဘို့ အခွင့်အရေးနဲ့ ကြုံခဲ့ကြရလို့ မိမိတို့ အခွင့်ရေးရစဉ် အရွယ်ရောက်ကာလမှာပဲ ဆေးကြောခြင်းကို ခံကြရတယ်ဆိုတာ ကိုတော့ မမေ့အပ်ပါ။ တစ်ချို့မိသားစုဝင် ကလေးငယ်များဟာ မိမိတို့ ငယ်ရွယ်စဉ်မှာပင် အခွင့်အရေးနဲ့ ကြုံကြိုက်ကြရလို့ ငယ်ရွယ်စဉ်မှာပင် မိဘအုပ်ထိန်းသူများရဲ့ ယုံကြည်ခြင်း၌ ဆေးကြောခြင်း မင်္ဂလာ ခံစားခွင့် ရရှိခဲ့ကြတာကိုလည်း ဥပက္ခာမပြုအပ်ပါ။ ကလေးငယ်များကို ဆေးကြောခြင်းပေးခြင်းသည် မျက်မှောက် အမိအသင်းတော်ကြီးရဲ့ ကာနွန်ဥပဒေလိုတော့ ဓမ္မသစ်ကျမ်းထဲမှာ "တစ်အိမ်သားလုံး၊ တစ်မိသားစုလုံး" ဆိုတဲ့ စကားအသုံးအနှုန်း ကလွဲရင် အခြား ရှင်းရှင်းလင်းလင်း ဖေါ်ပြ ထားတဲ့ ကျမ်းပိုဒ်မတွေ့ရပါ။

ဆက်လက်ဖတ်ရှုရန် »

Post a Comment

0 Comments